@sara.helenn: 🫂 #gastroparesis #anniversary #chronicillness #ehlersdanlos #5years

Sara<3
Sara<3
Open In TikTok:
Region: US
Sunday 25 October 2026 05:01:34 GMT
11718
1670
11
2

Music

Download

Comments

909lostandconfuse
Shawn”s Vibe :
I’m glad you have never given up. Keep up the good fight. Your celebration is that you’ll still having a great life, great friends, a strong relationship and loving parents.
2026-10-25 16:39:46
0
user721792675
🌀🍄Hannah🍄🌀 :
OMG I NEED UR JACKET
2026-10-25 06:21:32
7
axieanna
🎗️𝒜𝓃𝓃𝒶𝓁𝒾𝓈𝑒 :
I think a good way to celebrate could be to see how far you’ve come? You’re a fighter and make sure you do everything to keep yourself healthy. Enjoy the day and feel proud 💞
2026-10-25 09:20:00
6
user31415926504
notlola🫨 :
OH i always assumed you were born with a paralysed stomach! im sorry about all this love you’re doing so so welllll❤️
2026-10-25 14:59:58
0
80.com1
️ :
You're beautiful ❤️
2026-10-25 05:14:37
1
.brookie07
Brook :
love the fit girl🫶🏻
2026-10-25 05:04:40
1
matthewbardo
Matthew Bardo❤🦇 :
phia is the cutest dog I've seen
2026-10-25 05:09:39
1
metrins1008
Madiite🙃🤝 :
🥰🥰🥰
2026-10-25 07:22:55
1
abbi4364
Abbi :
😳😳😳
2026-10-25 11:34:46
0
jessicaleighsmith345
MrsSmith :
🎂🎂🎂🎂🎂
2026-10-25 05:05:35
0
cb_on1hp
cb_on1hp :
who else is coming everyday to check for the eds gender reveal
2026-10-25 15:20:46
2
To see more videos from user @sara.helenn, please go to the Tikwm homepage.

Other Videos

လတ်တလော သတင်းတွေထဲမှာရော အရပ်ထဲမှာရော အမြဲတမ်း တွေ့မြင်ကြားသိနေရတာ ကတော့ အယ်လ်နီညို ဆိုတာပါပဲ။ အရပ်ထဲက အဒေါ်ကြီးတွေ ပြောကြသလို အန်တီညို ပေါ့။ . အယ်လ်နီညို ဆိုတာ ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းနဲ့ အလယ်ပိုင်း တောင်အမေရိကတိုက်အနီး ရေမျက်နှာပြင် မှာအပူချိန်တွေ ပုံမှန်ထက် သိသိသသာသာ ပိုပြီး မြင့်တက်လာတဲ့ သဘာဝရသီဥတုဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ အဲဒီလို အယ်လ်နီညိုဖြစ်စဉ် ဖြစ်ပေါ်လာရင် ကမ္ဘာတစ်ဝန်းလုံးမှာ မိုးခေါင်ရေရှားတာ၊ ရေကြီးရေလျှံတာ၊ ကမ္ဘာ့အပူချိန် မြင့်တက်တာ စတဲ့ ရာသီဥတု ဖောက်လွှဲဖောက်ပြန် အခြေအနေ‌တွေ တွေ့ကြုံရတတ်ပါတယ်။ . မြန်မာနိုင်ငံမှာလည်း အယ်လ်နီညို ဖြစ်စဉ် ကြုံတွေ့ရရင် မုတ်သုံလေ အဝင်နောက်ကျတာ၊ အထွက်စောတာ၊ တစ်နည်းအားဖြင့် မိုးရာသီကာလ တိုတောင်းသွားတာ၊ အပူချိန် မြင့်တက်တာ၊ စိုက်ပျိုးရေနဲ့ သောက်သုံးရေ ရှားပါးတာ စတဲ့ ပြဿနာတွေ ကြုံတွေ့ရလေ့ ရှိပါတယ်။ . မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကတော့ အခုနှစ်၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ အယ်လ်နီညို အမြင့်ဆုံး အခြေအနေကို ရောက်နိုင်တယ်လို့ ခန်းမှန်းထားတဲ့အကြောင်း အောက်တိုဘာ လဆန်းပိုင်းက ထုတ်ပြန်ထားပါတယ်။ အယ်လ်နီညို ဖြစ်စဉ်ကြောင့် လာမယ့် ဆောင်းရာသီနဲ့ နွေရာသီကာလတွေမှာ အပူချိန်မြင့်မားခြင်းနဲ့ ရေရှားပါးမှုတွေ ဖြစ်ပေါ်လာနိုင်ပြီးတော့ မြစ်ချောင်း၊ အင်းအိုင်၊ ရေတွင်း၊ ရေကန်တွေမှာ ရေနည်းပါးတာ၊ သောက်သုံးရေနဲ့ စိုက်ပျိုးရေးတွေ ပြတ်လပ်တာ စတဲ့ ရေမလုံလောက်မှုပြဿနာတွေ ကြုံတွေ့လာရနိုင်တယ် လို့ သိရပါတယ်။ . ဒါ့အပြင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်တဲ့ အပူရှပ်တာ၊ ရေဓာတ် ခန်းခြောက်တာ၊ ရေရှားပါးမှုက တစ်ဆင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားတာ စတာတွေလည်း ကြုံတွေ့လာရနိုင်တယ်လို့ သိရပါတယ်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်တာ၊ သတိလစ်တာတွေ ဖြစ်ပေါ်နိုင်ပြီး သတိလစ်ခြင်း လက္ခဏာ ပေါ်ပေါက် လာရင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အတွက် နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေကို ချက်ချင်း ပို့ဆောင်ဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။ . ဒါ့အပြင် နိုင်ငံရဲ့ အဓိက အခြေခံ လိုအပ်ချက်ဖြစ်တဲ့ ရေအားလျှပ်စစ် ထုတ်လုပ်မှုဟာလည်း ရေလှောင် တမံတွေမှာ ရေဝင်ရောက်မှု နည်းတာကြောင့် ထုတ်လုပ်နိုင်စွမ်း လျော့နည်းပြီး ဓာတ်အားလိုအပ်ချက်က ပိုမိုမြင့်တက် လာမှာဖြစ်လို့ သက်ဆိုင်ရာ ကဏ္ဍတွေအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားဖို့ မိုး/ဇလက တိုက်တွန်း ထားပါတယ်။ . အရင်းစစ်တော့ အမြစ်မြေမှာ ဆိုသလို ရာသီဥတုတွေ ဖောက်လွှဲဖောက်ပြန် ဖြစ်လာတာ၊ ကမ္ဘာကြီး ပူနွေး လာတာ စတာတွေဟာ လူသားတွေရဲ့ လုပ်ဆောင်မှုကြောင့် ဆိုရင် မမှားပါဘူး။ အထူးသဖြင့် ဝိသမ လောဘသား တစ်ဘို့တည်းသမားတွေရဲ့ မဆင်မခြင် လုပ်ဆောင်မှုတွေကြောင့် သစ်တောတွေ ပြုန်းတီး၊ အိုဇုန်းလွှာတွေ ပျက်စီး၊ ရေခဲတောင်တွေ အရည်ပျော်၊ ကမ္ဘာကြီး ပူနွေးလာပြီး ရာသီဥတုတွေ ဖောက်ပြန် လာတာလို့ ဆိုနိုင်ပါတယ်။ . မြန်မာနိုင်ငံရဲ့ သစ်တောပြုန်းတီးမှုဟာ တစ်နှစ်ထက်တစ်နှစ် ကြောက်ခမန်းလိလိ မြင့်တက်နေတာကို နှစ်စဉ် အစီရင်ခံစာတွေမှာ မြင်တွေ့နေရပါတယ်။ သစ်ပင်သစ်တောတွေကို မဆင်မခြင် ခုတ်ထွင်တာ၊ အထူး အားဖြင့် တရားမဝင် သစ်ခိုးခုတ်တာ တွေကြောင့် သစ်တောပြုန်းတီးမှုဟာ တစ်နှစ်ထက်တစ်နှစ် ဆိုးဆိုး ရွားရွား မြင့်တက်လာနေတာ ဖြစ်ပါတယ်။ . ရှမ်းတောင် ဒေသအတွင်းမှာ ဆိုရင် သစ်အများဆုံး ထွက်ရှိတဲ့ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းဒေသ၊ ရပ်စောက် မြို့နယ်၊ ဟိုပုံးမြို့နယ် စတဲ့ ဒေသတွေမှာ တရားမဝင် သစ်ခိုးထုတ်မှုတွေဟာလည်း တစ်နှစ်ပတ်လုံး မပြတ် ရှိနေတာပဲ ဖြစ်ပါတယ်။ . စီးပွား‌ရေးသမားက တရားမဝင် သစ်ခိုးထုတ်၊ တာဝန်ရှိတဲ့ ဌာနဆိုင်ရာတွေက ငွေကြေးလာဘ်လာဘ ရယူပြီး မသိကျိုးကျွံ  ပြုနဲ့ ဆိုတော့ ရှမ်းတောင်ဒေသက သစ်ပင်သစ်တောတွေဟာ တဖြည်းဖြည်းချင်း လုံးပါးပါး လာခဲ့ရတာ အမှန်ပါပဲ။ . အဲဒီလို တရားမဝင် သစ်ခိုးထုတ်မှုတွေကြောင့် နိုင်ငံရဲ့ သယံဇာတ သစ်ပင်သစ်တောတွေ ဆုံးရှုံးရသလို နိုင်ငံ တော်အတွက်လည်း ရသင့်ရထိုက်တဲ့ အခွန်အခတွေလည်း မရရှိဘဲ ဝိသမလောဘသား စီးပွား‌ရေးသမား တွေနဲ့ ကိုယ်ကျိုးရှာ ဝန်ထမ်းဆိုးတွေပဲ ကောင်းစားသွားတတ်ကြတာမို့ အားလုံးက ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်လှပါတယ်။ . ကမ္ဘာကြီးပူနွေးလာမှာကို တွေးပူမိရင်၊ သောက်သုံးရေတွေ ခန်းခြောက်လာမှာကို စိုးရိမ်တတ်လာရင်၊ အယ်လ်နီညိုကို ခုခံတွန်းလှန်ချင်ရင် သစ်ပင် မခုတ်ကြဖို့၊ အထူးအားဖြင့် တရားမဝင် သစ်ခိုးထုတ်မှုတွေကို ဆန့်ကျင်ကြဖို့ တာဝန်ရှိသူတွေနဲ့အတူ နိုင်ငံသူ နိုင်ငံသားအားလုံး ကိုယ်စီ တာဝန်ရှိနေပါကြောင်း။ ။ . #KBZTai #Shan #Article

About