@eagles0732: နေပြည်တော်က Excellent Bar မီးလောင်မှု လူ ၃ဦးသေဆုံး၊ ၃ဦး ဒဏ်ရာရ ▪️မီးလောင်မှုကြာချိန်ကို မီးသတ်လိမ်လည်ထုတ်ပြန် အောက်တိုဘာ-၂၆၊၂၀၂၆။ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာရှိတဲ့ Excellent Bar မီးလောင်မှုမှာ လူ ၃ဦးသေဆုံးခဲ့ပြီး ၃ဦးဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ "သုံးယောက်ပိတ်မိရာက အထဲမှာတင် တစ်ယောက်မီးခိုးမွှန်ဆုံးသွားပါတယ်။ နှစ်ယောက်က ဆေးရုံအချိန်မီပို့ခဲ့ပေမယ့် နှစ်ယောက်လုံးဆုံးသွားပါတယ်။ပိတ်မိတဲ့ သုံးယောက်လုံးဆုံးသွားပါတယ်။စိုးရိမ်ဒဏ်ရာရရှိသူလည်း သုံးဦးရှိပါတယ်။" လို့ ဒေသခံတစ်ဦးကပြောပါတယ်။ အောက်တိုဘာ ၂၅ ရက် ညနေ ၃ နာရီလောက်မှု ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ဧရာဝတီလမ်းက Excellent Bar မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး မီးလောင်မှုတော်တော်များတာကြောင့် Level 2 အဆင့်မီးငြှိမ်းသတ်ယာဉ်တွေနဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ ဆိုင်မှာဝရိန်ဆော်တာကနေ မီးပွားပွင့်ထွက်ရာက မီးလောင်မှုစတင်ခဲ့တယ်လို့ ဒေသခံတွေကပြောထားပါတယ်။ သေဆုံးသူတွေထဲမှာ အဲဒီBar ရဲ့ ပင်တိုင် အဆိုတော် ၁ ဦးလည်းပါဝင်ခဲ့ပြီး အသိမိတ်ဆွေတွေက စိတ်မကောင်းကြောင်း မျှဝေထားကြပါတယ်။ မြေပြင်မှာ မီးငြှိမ်းသတ်ချိန် တစ်နာရီကျော်ကြာမြင့်ခဲ့ပေမယ့် စစ်တပ်လက်အောက်ခံ မီးသတ်တပ်ဖွဲ့ကတော့ ၁၅ မိနစ်အတွင်းမှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ လိမ်လည်ထုတ်ပြန်ထားပါတယ်။ မီးသတ်ကသူတို့ရဲ့ ထုတ်ပြန်ချက်ကို အကြိမ်ကြိမ်ပြင်ဆင်ခဲ့တာဖြစ်ပြီး ပထမထုတ်ပြန်မှုတွေမှာ ညနေ ၃ နာရီ ၄၅ မိနစ်မှာ Level 1 အဆင့်မီးငြှိမ်းသတ်ယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ ရေးသားထားပြီး နောက်ဆုံးမှာတော့ ၃ နာရီခွဲမှာ မီးငြိမ်းခဲ့တာလို့ ထုတ်ပြန်ထားတာပါ။ ဒါ့အပြင် အခြားလူသေဆုံးမှုရှိတဲ့ မီးလောင်မှုတွေဆိုရင် အဲဒီ့အချက်တွေကိုပါ သတင်းထုတ်ပြန်လေ့ရှိပေမယ့် ဒီမီးလောင်မှုကိုတော့ သာမာန်မီးလောင်မှု ပုံစံထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဒီဆိုင်က နေပြည်တော်မှာ နာမည်ကြီးတဲ့ Bar တစ်ခုဖြစ်ပြီး စစ်တပ်ဘက်ကအရာရှိတစ်ဦးဦးပိုင်တာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိပါတယ်။ ဒါပေမယ့် တချို့ကလည်း သာမာန်အရပ်သားပိုင်ဆိုင်တာလို့ ရေးသားထားတာတွေလည်းရှိပါတယ်။ #fypppppppppppppppppppppppppppppppppppppppppppppppppppppppppppppppppppp #
eagles
Region: MM
Monday 26 October 2026 02:09:57 GMT
Music
Download
Comments
Jumper :
ပင်တိုင်အဆိုတော် ဆိုတာဘယ်သူလဲ
2026-10-26 03:47:01
1
hana5516p :
အရပ်သားပိုင်တာပါဟယ်
2026-10-26 03:40:15
3
Ko Zaw Moe :
အကြောင်းအရာတခုကိုပြောတောမယ်တင်တောမယ်ဆိုယင်သေချာအောင်အယင်လုပ်ပါ ကိုယစာတကြောင်းကြောင့်အများမထိခိုက်ပါစေနဲ့ ဆိုင်ပိုင်ရှင်ကသာမာန်ပြည်သူတယောက်ပိုင်တာပါ အတွင်းကျကျစုံစမ်းပါကျေးဇူးတင်ပါတယ်😳😳😳😳😳😳😳😳😳😳😳😳😳😳😳😳😳😳😳
2026-10-26 03:45:11
3
Soe Nyi Nyi :
သက်သေတွေကို မီးရှို့ပြီးဖျောက်တာ အခုထိခေတ်စားနေတုန်းပါဘဲလား
တခြားနည်းမရှိဘူးလားဗျ
ဝန်ထမ်းတွေပါ အဆစ်ပါကုန်ပြီ
ကျန်ရစ်တဲ့မိသားစုတွေသနားစရာပါ
2026-10-26 04:55:35
0
Yin Su Min Htut :
ဟုတ်ပါ့ ဟယ် ည သွားမယ် လုပ်ထားတာ
2026-10-26 04:49:55
0
hellennwe4665 :
မီးသတ် ထောက်ခံချက် လက်မှတ် မရှိ ဘူးလား?
2026-10-26 04:53:09
0
Oo Oo MK :
သတင်းကသတင်းလိုရေးပါဟ
ဘာစစ်တပ်လက်အောက်ခံဘာညာနဲ့
အားနေဒါပဲ..မီးသက်မှာဘာအရောင်မှမရှိဘူး မီးဆိုတာနဲ့ငြိမ်းစေချင်တဲ့စိတ်တခုထဲနဲ့လုပ်နေကြတာပါ။သတင်းကသတင်းလိုရေးကြပါကွာ။
2026-10-26 06:01:56
0
Aung Ngwe(official)🚒🚒🚒 :
လပြည့်နေ့မှာ အကုသိုလ်တေမများချင်ဘူးကွာ
2026-10-26 04:17:32
0
Élysíã𐙚 :
အားနေ စစ်တပ်ပဲ😅
2026-10-26 04:24:51
1
ဘီးကျဲ ကြီး :
မင်းတို့ကလည်း ဘလိန်းမယ် ဆိုလဲ သေချာလေ့လာပါအုံး
ဘယ်သူ ပိုင်တာလဲ????
မီး ထိန်း နိုင်တာနဲ့...???
အလုံးစုံ ငြိမ်း ဖို့ကတော့ အချိန် အများကြီး ကြာ?????
2026-10-26 03:57:27
1
Ko Zaw Moe :
😳😳😳😳😳😳😳😳😳
2026-10-26 03:41:53
1
To see more videos from user @eagles0732, please go to the Tikwm
homepage.